မိုးကောင်း မတ် ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် မိုးသီးနှံ (မိုးစပါး) ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာတောင်သူများသို့ ပြည်နယ် အရေးပေါ်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမေန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွေးလှိုင်က အဆိုပါထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထိုပူးကျေးရွာမှ တောင်သူ(၂၉)ဦးနှင့် ထုံးရေပေါက်ကျေးရွာမှ တောင်သူ(၁)ဦးတို့၏ မိုးစပါးစိုက်ဧက (၃၃၄)ဒဿမ (၉၂) ဧကမှ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် (၁၁၂)ဧကအတွက် တစ်ဧကလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ကျပ်(၃၃)သိန်း (၆)သောင်းတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)