သတင်းများ

အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာများဆက်လက်ဖြေဆို
Mar 16,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနအတွင်း (ပဉ္စမ)နေ့အဖြစ် မတ်လ ၁၅ ရက်နေ့က ရူပဗေဒနှင့် သမိုင်းဘာသာတို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုကြကြောင်း သိရသည်။
ကျောက်ဆည်မြိုနယ်တွင် ဘောင်စနစ်ဖြင့် နွေးနှမ်းစိုက်ပျိုးနေမှုအား အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှ နှမ်းစိုက်တောင်သူများ လာရောက်လေ့လာ
Mar 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေသွင်း/ရေထုတ်လွယ်ကူပြီး အထွက်နှုန်းကောင်းမွန်သေချာသည့် ဘောင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးလျက်ရှိသော ရဲကြီးကျေးရွာ ကွင်းအမှတ် (၂၃၉)၊ ဦးပိုင်အမှတ် ၉-က၊ ခွဲ-၆ တောင်သူ ဦးသန့်ဇင်ထွန်း၏ နွေနှမ်းစိုက်ပျိုးနေမှုများအား ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများနှင့် နွေးနှမ်းစိုက်တောင်သူများ လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုကျင်းပ
Mar 16,2024
(၂၀၂၃-၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့အား ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်အနေဖြင့် စာစစ်ဌာန(၆) ခုတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။
ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဌာနမှ မျိုးကောင်းမျိုးသန့် တစ်ရှူးငှက်ပျောများ သုတေသနပြုလုပ်ပြီး ဖြန့်ဖြူးပေးလျက်ရှိ
Mar 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဌာနမှ ပိုးမွှားကင်းစင်ပြီး မျိုးကောင်း၊ မျိုးသန့် တစ်ရှူးငှက်ပျောမျိုးများ သုတေသနပြုပြီး ငှက်ပျောစိုက်တောင်သူမျာအား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို
Mar 16,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
Mar 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ် ၁၅ ရက်က အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
ကော့သောင်းမြို့တွင် "ပလတ်စတစ် ကင်းစင်ဖို့ စုပေါင်းဆောင်ရွက်‌စို့ "အမှိုက်ကောက် campaign ပြုလုပ်
Mar 16,2024
‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်း၏ ပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေး လက်တွေ့လှုပ်ရှား ဆောင်ရွက်သည့်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများနှင့် ဒေသဆိုင်ရာဧည့်လမ်း ညွှန် (အခြေခံ) သင်တန်းသား၊ သူများက ယနေ့ နံနက်တွင် ကော့သောင်းမြို့ (၅၅၅) တောင်တွင် "ပလတ်စတစ်ကင်းစင်ဖို့ စုပေါင်းဆောင်ရွက်စို့" အမှိုက်ကောက် campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။