ကော့သောင်း မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်း၏ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လက်တွေ့လှုပ်ရှားဆောင်ရွက်သည့်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများနှင့် ဒေသဆိုင်ရာဧည့်လမ်း ညွှန် (အခြေခံ) သင်တန်းသား၊ သူများက ယနေ့ နံနက်တွင် ကော့သောင်းမြို့ (၅၅၅) တောင်တွင် "ပလတ်စတစ်ကင်းစင်ဖို့ စုပေါင်းဆောင်ရွက်စို့" အမှိုက်ကောက် campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အများပြည်သူသွားလာရာနေရာများတွင် အမှိုက်ကင်းစင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်း သာယာရေးတို့အတွက် ယခုကဲ့သို့ အမှိုက်ကောက် campaign ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများအား အသိပညာပေး ဟောပြောခြင်းများနှင့် ပလတ်စတစ်အမှိုက်များ ပေါများရာ နေရာများတွင်လည်း အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းများ လက်တွေ့လုပ်ဆောင်တတ် စေရန်အတွက် အမှိုက်ကောက် campaign များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)