သတင်းများ

ဝမ်းတွင်းမြို့နယ် စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆိုလျက်ရှိ
Mar 16,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခြင်းကို မတ်လ (၁၁)ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန များတွင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ရပ်စောက်တွင် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ရပ်စောက် မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်
Mar 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက Wilmar Myanmar Richland Kyaiklat Limited (ပေါင်းဆန်)စက်ရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမမြောက်နေ့ သမိုင်းဘာသာရပ်၌ ကျောင်းသား/သူပေါင်း(၄၇)ဦး နှင့် ရူပဗေဒဘာသာရပ်တွင်(၄၆၁)ဦး ဝင်ရောက်ဖြေဆို
Mar 16,2024
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမမြောက်နေ့ သမိုင်းဘာသာရပ်၌ ကျောင်းသား/သူပေါင်း(၄၇)ဦးနှင့် ရူပဗေဒဘာသာရပ်တွင်(၄၆၁)ဦးတို့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
ငါန်းဇွန်မြို့နယ် မဂျီကျေးရွာတွင် လူနေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား
Mar 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မဂျီကျေးရွာအုပ်စု မဂျီကျေးရွာတွင် ယမန်နေ့ ည ၁၁ နာရီခွဲ အချိန်က လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 16,2024
နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်း​တေး​ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်​ရောက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း သိရသည်။
သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို
Mar 16,2024
တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ် ၁၅ နံနက် ၉ နာရီမှ စတင်၍ ပဉ္စမနေ့ စာမေးပွဲကိုဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုလျက် ရှိကြောင်းသိရသည်။
တောင်သာမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို   ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို
Mar 16,2024
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်တို့ကို ယမန်နေ့နံနက် ၉ ဆက်လက်ဖြေဆိုလျက်ရှိသည်။