မောက်မယ်မြို့နယ်၌ နွေရာသီရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်း ဖွင့်လှစ်
Mar 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ရှမ်းတိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယနေ့ နံနက် ၉ နာရီက ရပ်ကွက်အတွင်းရှိ ကျောင်းသား/သူ လူငယ်များအား နွေရာသီ ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။