ကျောက်ဆည် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဌာနမှ ပိုးမွှားကင်းစင်ပြီး မျိုးကောင်း၊ မျိုးသန့် တစ်ရှူးငှက်ပျောမျိုးများ သုတေသနပြုပြီး ငှက်ပျောစိုက်တောင်သူမျာအား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။
သုတေသဌာနဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ငှက်ပျောစိုက်တောင်သူများ ဝင်ငွေတိုးပြီး မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရွှေနီ၊ ခွံဝါ၊ ဖီးကြမ်းငှက်ပျောမျိုးများကို အပင်တစ်ရှူးမျိုးပွားသုတေသနပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် နာနတ်၊ စတော်ဘယ်ရီ၊ နဂါးမောက်၊ ပန်းသီး၊ သစ်ခွ၊ ပိန်းပန်းနှင့် ဆေးဘက်ဝင်အပင်များဖြစ်သည့် တစ်ပင်တိုင်မြနန်းပင်များကို တစ်ရှူးမျိုးပွားသုတေသနပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဌာနအနေဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေစေရေး မျိုးကောင်းမျိုးသန့် တစ်ရှူးမျိုးပွားငှက်ပျောများ ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)