အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာများဆက်လက်ဖြေဆို

တနင်္သာရီ မတ်လ ၁၆

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနအတွင်း (ပဉ္စမ)နေ့အဖြစ် မတ်လ ၁၅ ရက်နေ့က ရူပဗေဒနှင့် သမိုင်းဘာသာတို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုကြကြောင်း သိရသည်။

အ.ထ.က(တနင်္သာရီ) စာစစ်ဌာနအတွင်း ရူပဗေဒဘာသာတွင် စာရင်းရှိဖြေဆိုရန် ကျောင်းသား (၃၂)ဦး၊ ကျောင်းသူ(၇၃)ဦး၊ ပေါင်း(၁၀၅)ဦးရှိသည့်အနက် ကျောင်းသား(၂၇)ဦး၊ ကျောင်းသူ(၆၈)ဦး၊ ပေါင်း (၉၅)ဦး လာရောက်ဖြေဆိုပြီး ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၅)ဦး၊ ပေါင်း(၁၀)ဦး ဖြေဆိုရန်ပျက်ကွက်၍ ဖြေဆိုမှုရာနှုန်းမှာ(၉၀.၄၈)ဖြစ်ပြီး ပျက်ကွက်မှုရာနှုန်းမှာ(၉.၅၂)ဖြစ်ကြောင်း သိရသည်။

အလားတူ သမိုင်းဝင်ဘာသာတွင် ဖြေဆိုရန်ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၂)ဦး၊ ပေါင်း(၅)ဦးရှိရာ ပျက်ကွက်မရှိဘဲ ရာနှုန်းပြည့်လာရောက်ဖြေဆိုကြကြောင်း သိရသည်။

သို့ပါ၍အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတစ်ခုလုံးတွင် စုစုပေါင်းဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၃၅) ဦးနှင့်ကျောင်းသူ(၇၅)ဦး၊ စုစုပေါင်း(၁၁၀)ဦးရှိသည့်အနက် ကျောင်းသား(၃၀)ဦးနှင့်ကျောင်းသူ(၇၀)ဦး စုစုပေါင်း(၁၀၀)ဦးတိတိ လာရောက်ဖြေဆိုသဖြင့် ကျောင်းသား(၅)ဦးနှင့်ကျောင်းသူ(၅)ဦး စုစုပေါင်း(၁၀)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)