ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုကျင်းပ

ရေတာရှည် မတ်လ ၁၆

(၂၀၂၃-၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့အား ဖြေဆိုရာ  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်အနေဖြင့် စာစစ်ဌာန(၆) ခုတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသူ အခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်) စာစစ်ဌာနတွင် (၁၃၉)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေကြက်ယက်) စာစစ်ဌာနတွင် (၁၄၆) ဦး ၊ အခြေခံပညာအထက်တန်းကျောင်း (ဆွာ) စာစစ်ဌာနတွင် (၁၅၈) ဦး ၊ အခြေခံပညာအထက်တန်းကျောင်း (သာဂရ) စာစစ်​ဌာနတွင် (၇၃) ဦး ၊ အခြေခံပညာအထက်တန်း ကျောင်း (မြို့လှ) စာစစ်ဌာနတွင် (၇၄) ဦး ၊ အခြေခံပညာအထက်တန်းကျောင်း(ရေနီ)စာစစ်ဌာနတွင် (၉၅)ဦး စုစုပေါင်း (၆၈၅)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ထို့ပြင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အတွက် ပတ်ဝန်းကျင်ဆူညံမှုမဖြစ်ပေါ်စေရေး နှင့် ဖြေဆိုချိန်အတွင်း လုံခြုံမှုရှိစေရေးအတွက် တာဝန်ကျဝန်ထမ်းအသီးသီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရေတာရှည်(ပြန်/ဆက်)