မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို

မြို့သစ် မတ် ၁၆                                                                             

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက်  ၉ နာရီမှ စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက်  စာစစ်ဌာန(၂)ခုဖြစ် သည့် အထက(၁) မြို့သစ်စာစစ်ဌာနနှင့် အထက (ဝါးကြီးအိုင်) စာစစ်ဌာန (၂)ခုထားရှိပြီး ဇီဝဗေဒ ဘာသာရပ်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၆၉)ဦး၊ ဖြေဆိုသူ(၄၆၀)ဦး၊ ပျက်ကွက် (၉)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းအားဖြင့် (၉၈ ဒသမ ၀၈) ရာခိုင်နှုန်း၊  ဘောဂဗေဒဘာသာရပ် တွင် စာရင်းရှိ (၄၁)ဦး၊ ဖြေဆိုသူ (၃၉)ဦး ၊ ပျက်ကွက်သူ (၂)ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်း (၉၅ ဒသမ ၁၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ၊ တာဝန်ခံဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)