လပွတ္တာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းပွဲ ကျင်းပ

လပွတ္တာ မတ် ၁၈

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်း အချက်အလက်အမှန်များကို ကောင်းစွာသိရှိ နားလည်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွေး နဒီခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရ တို့တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သတ်၍ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့်သတင်းအမှား များအကြောင်း၊ ဥပဒေအရ စစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်း လွတ်ခွင့်ရရှိသူများအကြောင်း၊ နိုင်ငံတော်အတွင်း၌ရှိသော တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း၊ လိုအပ်ချက်အပေါ်မှာ ခေါ်ယူသွားမှာဖြစ်ကြောင်း အကျုံးဝင်သူများအား မှတ်ပုံတင်ထားမည်ဖြစ်ကြောင်း၊ ချက်ခြင်းလက်ငင်းအကျုံးဝင်သူအားလုံး ခေါ်ယူမည် မဟုတ်၍ စိုးရိမ်ရန်မလို ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ ဖြေကြားခဲ့ပြီးပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်း စာစောင်များကို ပေးဝေခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြို့မြို့ဖများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့ အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၂၈၈)ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

မူမူ (ပြန်/ဆက်)