(၃၃) ကြိမ်မြောက် ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖွင့်ပွဲကျင်းပ

ဝေါ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များစုပေါင်းကာဖွင့်လှစ်ပေးပြီး မတ်လ ၂၄ ရက်နေ့ (တပေါင်းလပြည့်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအား နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ၊ အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးမင်းကိုကို ၊အဖွဲ့ဝင် ဦးကြည်ဝင်း၊ စည်ပင်အမှုဆောင်အရာရှိ ဦးဝင်းလှိုင်၊ ဒုရဲမှူးသစ်လွင်၊ သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီးဥက္ကဋ္ဌ ဦးကျော်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးဘုရားကြီးအားလက်ယာရစ် (၁) ပတ် လှည့်လည်ပူဇော်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များ ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ အသက်တော်(၈၀)နှင့်အထက်၊ ဝါတော်(၅၅)ဝါနှင့်အထက်ရှိ သက်တော်ရှည်ဆရာတော်ကြီး (၁၂) ပါးအား ပူဇော်ကန်တော့ပြီး၊ စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော် (၁၆၈) ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို (တပေါင်းလပြည့်နေ့)တွင် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)