မိတ္ထီလာ၌ အသက် ၅ဝ နှစ်နှင့်အထက် ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး

မိတ္ထီလာ မတ် ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်၌ အသက် ၅ဝ နှစ်နှင့်အထက်ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်သာသနာ့ဗိမာန်ခန်းမတွင် မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးရာတွင် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များဖြစ်သည့် အရှေ့ပြင်ဈေး၊ သီရိမင်္ဂလာ၊ မြို့မ၊ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ အောင်ဇေယျာ၊ နန်းတော်ကုန်း၊ အောင်ဆန်း၊ ပေါက်ချောင်း၊ ပြည်သာယာ (မ)၊ ပြည်သာယာ(တ)၊ ဝန်ဇင်း စသည်ရပ်ကွက်များမှ အသက် ၅ဝ နှစ်နှင့်အထက် နာတာရှည်ရောဂါခံစားနေရသူ ပြည်သူ (၂၁ဝ) ဦးအား မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းထိုးနှံပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ