သတင်းများ

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဒေသခံပြည်သူများ လက်မှုအတတ်ပညာများ တတ်မြောက်စေရန်နှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်တတ် စေရန် ရည်ရွယ်၍ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားထားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Mar 20,2024
ကချင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေကြည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Mar 20,2024
ယခုအခါနွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက်မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကိုအရှိန် အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာယနေ့နံနက် (၁၀)နာရီအချိန်က ရေကြည်မြို့နယ်ရှိဌာန ဆိုင်ရာကျေးလက်ဖွံဖြိုးတက်ရေး ဦးစီးဌာနရုံးတွင်မီးဘေး ကြိုတင်ကာကွယ် ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကင်းဝေးစေရေး အသိပညာပေးဟောပြော
Mar 20,2024
အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ဆယ်ကျော်သက်အမျိုးသမီးများ အကြမ်းဖက်မှုအန္တရာယ်မှကာကွယ်ရန်၊ လူကုန်ကူးခံရမှုမှကင်းဝေးစေရန်၊ ရုပ်ပိုင်းဆိုင်ရာနင့်စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအန္တရာယ်ကာကွယ်နိုင်ရန်၊ အကြမ်းဖက်မှုအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုများ ပေါင်းစပ်လုပ်ကိုင်ကြရန် အစရှိသည့်ရည်ရွယ်ချက်ဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မူဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် သဲဖြူကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ အသင်းတော်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်းခန်းမတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း/ဆွေး‌နွေးပွဲကျင်းပ
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင်‌ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း/ဆွေး‌နွေးပွဲကို အ.ထ.က(၁)ကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာနှင့်စာ‌ပေရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 20,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်ကဗျာနှင့် စာပေများရေးသားရာတွင် လွယ်ကူစွာရေးသားတတ်စေရန်ရည်ရွယ်၍ ကဗျာနှင့်စာပေရေးသားနည်းသင်တန်းကို ယနေ့နံနက်(၁၁)နာရီအချိန်က  ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။