ဒလမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒလ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် KG နှင့် Grade – 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီက အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ (ဆရာ၊ ဆရာမ)များ လိုက်နာရမည့်စည်းကမ်းချက်များအား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းမာက ဆရာ၊ ဆရာမများအား သင်တန်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမများနှင့် မိတ်ဆက်စကားပြောကြားပြီးနောက် သင်တန်းကိုဆက်လက်ပို့ချခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၆) ဦး တက်ရောက်ခဲ့ကြပြီး မေလ(၁၄)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိ နံနက် (၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲရင့်သူ