မြင်းခြံမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်း ဖွင့်လှစ်

မြင်းခြံ မေ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်းကို ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁၂) ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူဘုရားတွင် ပြုလုပ်သည်။

ဆေးပေးခန်းတွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဇင်မာသန်းထွန်း ဦးဆောင်၍ ဝန်ထမ်းများက အသက် (၄၀) နှစ်နှင့်အထက် ပြည်သူများအား မကူးစက်တတ်သော ရောဂါများကာကွယ်ကုသရေးအစီအစဉ်ဖြင့် ကုသပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ရာတွင်  ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးပေါင်ချိန်တိုင်ခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးပေးခြင်းအပြင် လိုအပ်သည့် ဆေးဝါးကုသမှုများကို အခမဲ့ကုသပေးသည်။

ဆေးပေးခန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ခရိုင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းလင်း၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)