အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အမရပူရမြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

အမရပူရ မေ ၁၅

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌  ရက်(၁၀၀)စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်  အမရပူရမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေ ၁၄ ရက်နံနက် ၁၀ နာရီ က ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်ဝေမာက မြို့နယ်အတွင်း ချေးငွေကြွေးကျန် များပြေကျေစွာကောက်ခံရရှိရေးနှင့် ပြေကျေသည့်တောင်သူများအား ချေးငွေသစ်များ ပြန်လည်ထုတ်ချေးပေးခြင်း ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းများ၊ ငွေချေး တောင်သူများ သီးနှံအာမခံထားရှိနိုင်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ်- မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု(၆)အုပ်စု၊ တောင်သူဦးရေ ၆၁  ဦး မိုးစပါးစိုက် ဧက ၃၀၆ ဧကအတွက် ချေးငွေ  ၉၁၈ သိန်း ကိုထုတ်ချေးနိုင်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)