ချမ်းမြသာစည် မေ ၁၅
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦးက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လက်တွဲကာ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်က ပြည်သူများတင်ပြချက်များကို လွှတ်တော်သို့ပြန်လည်တင်ပြ၍ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ တိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦနေမျိုးကျော်က လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)