ဖောင်းပြင် မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်ပြီး စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာယနေ့မွန်းလွဲ (၁၂)နာရီအချိန် က စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသည့် "လူငယ်များကိုပျိုးထောင်ပေးပါ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာကြည့်တိုက် လက်ထောက်(၃) ဒေါ်ယဥ်ယဉ်ထွေး ကစာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြည်သူလူထုအသိပညာ ဗဟုသုတရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားသည်။
ထို့နောက် စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသည့် "လူငယ်များကိုပျိုး ထောင်ပေးပါ" စာအုပ်ဖြင့်ပြုလုပ်ရာYouth Club အဖွဲ့၀င်မယွန်းထက်ထက်၀ိုင်းနှင့် မခင်မြင့်မြတ်သူတို့ကယ နေ့ခေတ်လူငယ်များ၏ ပုံရိပ်တို့သည်စကြာ၀ဠာ ကမ္ဘာမြေ၏ အတိတ်နိမိတ်ဟုဆိုလျှင် မမှားနိုင်ကြောင်း လူငယ်များပုံဖော် ဖန်တီးကြအမည့်အနာဂတ်ကမ္ဘာမြေ သည်မာ်သိူ့မည်ပုံဖြစ်မည် ဆိုသောဟောကိန်း အားလက်ဆင့်ကမ်းပေး ဆောင်ကြသောလူကြီးများ အပေါ်အမှီပြုသကဲ့ သို့လွှဲပြောင်းသူနှင့် လက်ခံသူတို့၏အသိဉာဏ်ပညာ ကွာဟမှုကိုမူတည်၍တိုး တက်ခြင်း၊ ဆုတ်ယုတ်ခြင်းများဖြစ်လာမည် ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက်စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကစာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)