ကျောက်ဆည် မတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ဆည်၊ ကန်၊ တူးမြောင်းများအလိုက် နွေသီးနှံများ စိုက်ပျိုးလျက်ရှိရာ မင်းရဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် နွေနှမ်း(၄၅၅၈)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
မင်းရဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် နွေနှမ်းသီးနှံများကို မင်းရဲစိုက်ပျိုးရေမြောင်းဖြင့် တောင်နောက်ကျေးရွာအုပ်စု၌ (၃၉၃)ဧက၊ သင်တောင်ကျေးရွာအုပ်စု၌ (၃၇၅)ဧက၊ အင်တိုင်းကျေးရွာအုပ်စု၌ (၃၇၄)ဧက၊ ကြက်မင်းတွန်အုပ်စုတွင် (၂၅)ဧက၊ ဖောင်ရွာရပ်ကွက်တွင် (၅)ဧက၊ သင်းတွဲစိုက်ပျိုးရေမြောင်းဖြင့် ပတ္တာကျေးရွာအုပ်စုတွင် (၅၁၄)ဧက၊ ပင်တလည်ကျေးရွာအုပ်စုတွင် (၆၄၉)ဧက၊ နွားတက်စိုက်ပျိုးရေမြောင်းဖြင့် ပတ္တာကျေးရွာအုပ်စုတွင် (၂၂၁)ဧက၊ ပြည်ပန်းကျေးရွာအုပ်စုတွင် (၃၆၇)ဧက၊ သမန္တလင်းကျေးရွာအုပ်စုတွင် (၆၄၇)ဧက၊ မြင်းကဘက်ကျေးရွာအုပ်စုတွင် (၃၀၂)ဧက၊ မုန့်ပေါင်းကျေးရွာအုပ်စုတွင် (၃၈၃)ဧက၊ လက်ပံဇင် ကျေးရွာအုပ်စုတွင် (၃၀၃)ဧက၊ စုစုပေါင်း နွေနှမ်းသီးနှံ(၄၅၅၈))ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
နွေနှမ်းသီနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး ဒေသနှင့်ကိုက်ညီသော မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ ရေပေးဝေခြင်းများ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ပြန်/ဆက်)