သတင်းများ

လှိုင်းဘွဲမြို့နယ်၊ တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Mar 29,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်၊ တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည်အပ်နှံမည့် အသုံးစရိတ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Mar 29,2024
ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထွေထွေ ပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည်အပ်နှံမည့် အသုံးစိရိတ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မြို့သစ်မြို့ “မြို့မဈေးကြီးအတွင်း” အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Mar 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက်မြို့သစ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်းရှိ နွေသီးနှံစိုက်ပျိုးသည့်အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေး
Mar 29,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်းရှိ နွေသီးနှံစိုက်ပျိုးသည့် အခြေအနေများအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့်ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း
Mar 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာ၌ ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။
ခိုလမ်မြို့တွင် စက်သုံးဆီအ‌ရောင်းဆိုင်များ သတ်မှတ်စျေးနှုန်း၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား  သတ်မှတ်စျေးနှုန်း စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ (၂)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Mar 29,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်ဦးမြို့၊ ပုဂံမြို့ဟောင်းရှိ ဇမ္ဗုဒီပသာသနာဗိမာန်တော်ကြီးတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား
Mar 29,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျ  ရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို  မတ် ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။