ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  အခြေခံကဗျာရေးဖွဲ့နည်းသင်တန်းဆက်လက်သင်ကြားပို့ချ

ညောင်လေးပင် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ဆက်လက်သင်ကြားပေးခဲ့ကြောင်း သိရသည်။

၎င်းအခြေခံကဗျာရေးဖွဲ့နည်းသင်တန်းမှာ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကဗျာ၏ အခြေခံသဘောတရားများကို တွင်တွင်ကျယ်ကျယ်ရေးဖွဲ့တက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်မှစ၍ သင်ကြားပေးခဲ့ရာ လေးရက်မြောက်သင်ကြား ပို့ချပေးခဲ့တာဖြစ်ပြီး ကဗျာပညာကို စိတ်ပါဝင်စားစွာတတ်ရောက် လေ့လာသင်ကြားသူ ၃၈ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)