တွံတေး မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တွံတေးခရိုင်အတွင်းရှိ စာဖြေသံဃာတော်များ အစိုးရဓမ္မာစရိယနှစာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ရင်ပြင်ပေါ်ရှိ ဒေါ်ပု+ချစ်တီး၊ ဦးလှထွန်း၊ ဦးဖိုးခက်၊ ဦးလှခိုင်တန်ဆောင်းများနှင့် အာစိဏ္ဏကံတန်ဆောင်းတို့၌ ကျင်းပလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ် ဓမ္မာစရိယစာမေးပွဲဖြေဆိုခြင်းဖြင့် သာသနာတော်သုံးရပ်၏ အခြေခံမူလဘူတဖြစ်သော ပရိယတ္တိသာသနာတော်မြတ် သန့်ရှင်းတည်တံ့ပြန့်ပွားထွန်းကားရေးကိုရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို၊ လလိုထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေးဆိုင်ရာဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ဆက်ကပ်နိုင်ရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ် စာဖြေဌာနတွင် အစိုးရဓမ္မာစရိယစာမေးပွဲကို တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ကော့မှူး၊ ဒလ၊ ကွမ်းခြံကုန်းမြို့နယ်များမှ ရဟန်းစာရင်းရှိ(၃၅၃)ပါးတွင် ဖြေဆို(၃၁၁)ပါး၊ သာမဏေစာရင်းရှိ(၂)ပါးတွင် ဖြေဆို(၂)ပါး၊ သီလရှင်စာရင်းရှိ(၃၀)ပါးတွင် ဖြေဆို(၂၇)ပါး ဝင်ရောက်ဖြေဆိုမည့် ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ ယမန်နေ့ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဠကထာ(ပထမနေ့)၌ စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း(၄၃၀)ပါး တို့ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုသည့်ရာခိုင်နှုန်း(၈၈.၃၁%)ရှိကြောင်း သိရသည်။
တွံတေးသား