ခရမ်း မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု(BDM)သင်တန်းကို မတ်လ ၂၇ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးဒေါ်ခင်မိုးလွင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများက ဘေးအန္တရာယ်စီမံခန့်ခွဲခြင်းဆိုင်ရာများကို ရှင်းလင်းသင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပါင်းဆောင်ရွက်သော(SSDRMC)စီမံချက်၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်အဆင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှု(BDM)သင်တန်းကို (၂)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး ခရမ်းမြို့နယ်အတွင်း စီမံချက်ဆောင်ရွက်သည့် ရပ်ကွက်/ကျေးရွာများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်း၍ ပြည်သူကိုယ်တိုင်ပူးပေါင်းပါဝင်ပြီး ကြက်ခြနီတပ်ဖွဲ့ဝင်များနှင့်အတူ ဘေးအန္တရာယ်လျော့နည်းစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း(ခရမ်း)