ပေါင်းတည်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအား Orientation on Strengthening Public Health Services လုပ်ငန်းများ ဆွေးနွေးပွဲကျင်းပပြုလုပ်

ပေါင်းတည် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများအား "Orientation on Strengthening Public Health Services လုပ်ငန်းများ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် စတင်ဖွင့်လှစ်ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အဖွင့်အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ ဦးစီးအရာရှိ(သွားကျန်းမာ)၊ မြို့နယ်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးမှူး(၁)တို့က တက်ရောက်လာသော အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်မှ မတ်လ ၃၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သူရကြီး(ပြန်/ဆက်)