မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ မတ်၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပြည်သူ့ဆေးရုံကြီးအတွက် မိတ္ထီလာမြို့အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်(၅ဝဝ) တွင်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာတပ်နယ်၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လေယာဉ်ထုတ်လုပ်ပြင်ရေးဌာနချုပ်မှူး ဗိုလ်ချုပ်ကျော်ကျော်၊ အမှတ် (၁) တပ်မတော်ဆေးရုံကုတင်(၅ဝဝ) တပ်မှူးဗိုလ်မှူးချုပ်ထွန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊  ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိနှင့် အဖွဲ့ဝင်များ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် စုပေါင်းသွေးလှူဒါန်းကြသည့် တပ်မတော်သားနှင့် စစ်သမီး ၃ဝ ဦးတို့အား ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက နွားနို့၊ ကြက်ဥ၊  ငှက်ပျောသီး၊ ဓါတ်ဆားမှုန့်နှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ချမ်းသာ