ငါန်းဇွန်မြို့၌ Fitness Dance သင်တန်းဆင်းပွဲကျင်းပ

ငါန်းဇွန်   မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ ၂၁ ရက်နေ့မှစ၍ သင်တန်းကာလ ၈ ရက်ကြာ ဖွင့်လှစ်ခဲ့သော Fitness Dance အားကစားသင်တန်းအား ယမန်နေ့ ညနေ ၄ နာရီက သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ‌နွေရာသီကျောင်းပိတ် ရက်တွင် ကျောင်းသား/သူများအား အားကစားစိတ်ဓာတ်ဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကျန်းမာကြံ့ခိုင်မှုဖွံ့ဖြိုးစေရန် သင်တန်းဖွင့်လှစ်ပို့ချခဲ့ရ သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသားများမှလည်း ကြိုးစားသင်ယူ လေ့ကျင့်ခဲ့ကြသည့်အတွက် အထူးအားရကျေနပ်မိပါကြောင်း၊ သင်တန်းသားများအား စနစ်တကျသင်ကြား ပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာမကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်မို့မို့စံ(အာကစားနှင့်ကာယပညာဦးစီးဌာန)အား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အမှတ်တရလက်ဆောင်ပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ Fitness Dance အားကစား သင်တန်းသို့ သင်တန်းသား (၂၅)ဦး(မူလတန်း၊ အလယ်တန်းဆင့်) တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                

သက်နောင်ဦး(ငါန်းဇွန်)