သတင်းများ

လပွတ္တာမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး တာဝန်ရှိ သူများစစ်ဆေး
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရေပေါ်ဈေး အတွင်း၌ ရောင်းချသည့် စားသောက်ကုန် ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင်ကုန်စုံဆိုင်များ၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များရှိ စားသောက်ကုန်ပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေး ခဲ့ကြောင်းသိရသည်။
ပဲခူးမြို့၌  ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Mar 29,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပရိယတ္တိသာသနာထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မာဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ ယမန်နေ့၌(သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁) ကျမ်းရင်းကို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၄၁၁)ပါး ကြွရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ရေယာဉ်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးကြပ်မတ်စစ်ဆေး
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စစ်ဆေးလျက်ရှိသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Mar 29,2024
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့ နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းဖွင့်လှစ်
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးလူငယ်များ တစ်ဦးချင်းနှင့် မိသားစုဝင်များ၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျသင့်တော်မှုရှိစွာဖြင့် တိုက်ရိုက်ပံ့ပိုးကူညီခြင်း၊ ညွှန်းပို့လွှဲပြောင်းခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား သိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းဖွင့်ပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကျင်းပ
Mar 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကို ​ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်စိုး၊ ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား နေပြည်တော်ကုသရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသနေမှုကို ကြည့်ရှုအားပေး
Mar 29,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာစွာနေထိုင်နိုင်စေရန် ရည်သန်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် (၂ဝ၂၄) ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 29,2024
မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်၊ အဘယ သုတာရာမစာသင်တိုက်၏ ဦးစီးပဓာနနာယက (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။