သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံး ရေးသားနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

သာပေါင်း ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က စာစီစာကုံး ရေးသားနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။

စာစီစာကုံး ရေးသားနည်း(အခမဲ့)သင်တန်းတွင် သင်တန်းနည်းပြ စာရေးဆရာဦး‌စောလင်း (စာရေးဆရာ-ကိုကြီးစော)က စာကုံးရေးသားရာတွင်ပါဝင်ရမည့် နိဒါန်း၊ စာကိုယ်၊ နိဂုံးတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းသင်ကြားပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည်။

အဆိုပါ စာစီစာကုံး ရေးသားနည်း(အခမဲ့)သင်တန်းအား အလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ(၁၉)ဦး တက်ရောက် သင်ယူခဲ့ကြပြီး သင်တန်းကာလတစ်ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)