လားရှိုးမြို့တွင် Biometric Data ကောက်ယူခြင်းများဆောင်ရွက်ပေးနေမှုများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး သွားရောက်ကြည့်ရှုအားပေး

လားရှိုး ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများအား Biometiic Data များ ကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ Biometiic Data များကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းများကောက်ယူရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်၊ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးသည် ပြည်နယ်၊ ခရိုင်ရုံး၏ ကြီးကြပ်မှုများနှင့်အတူ  UID (Unique Identification Number) ပြုလုပ်ပေးခြင်းအစီအစဉ်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ပြုလုပ်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးတွင်လည်းကောင်း၊ ခရိုင်ရုံးတွင် Passport(နိုင်ငံကူးလက်မှတ်) လျှောက်ထားသူများကိုလည်းကောင်း၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတို့တွင်  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)