သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၁၄/၂၀၂၄) အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၁၄/၂၀၂၄)အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ဌာနဆိုင်ရာများ(၁၄/၂၀၂၄) အပတ်စဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးသတိပြု အလေးထားဆောင်ရွက်ရန်၊ (၈၆)ဘီလီယံ နိုင်ငံ့စီးပွားသွင်းအားစု ရယူတောင်သူများဝယ်ကြိတ်အဖွဲ့သို့ အမြန်ဆုံးပေးသွင်းရေး ကြီးကြပ်ဆောင်ရွက်ရန်၊ (၁)ဘီလီယံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေရယူသူများ ပထမ(၆)လပတ် အတိုးပေးသွင်းပြီး နောက်(၆)လပတ် လုပ်ငန်းတိုးတက်မှု၊ အတိုးအရင်း ပေးသွင်းရေး ဆက်လက် ကြီးကြပ်ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ ၂၀၂၄ ခုနှစ်၊ မိုးစပါးအတွက် မြေမြှုပ်စိုက်ပျိုးရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ ကွင်းဆင်းဆောင်ရွက်ရန်၊ နွေစပါးတစ်ဧက(၁၀)တင်းတိုး ထွက်ရှိမှုမှတ်တမ်းဖြင့် တင်ပြရန်၊ မိုးစပါး နွေစပါး ယခင်နှစ် ယခုနှစ် စိုက်ရိတ်၊ နှုန်း၊ ထွက် တောင်သူတစ်ဦးချင်းစာရင်းတင်ပြနိုင်ရေး စိုက်ပျိုးရေး၊ မြေစာရင်းဦးစီးဌာနတို့မှ အချိန်မီပြုစုတင်ပြနိုင်ရေးဆောင်ရွက်ရန်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုမည့်သံဃာ၊ သာမနေများအား ဆွမ်း၊ ကွမ်းဝေယျာဝစ္စဆောင်ရွက်ရေး လှူဒါန်းဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးအတွက် ကော်မတီအလိုက်ဆောင်ရွက်ရန်၊ စာတတ်မြောက်ရေးအတွက် (၉၊ ၄၊ ၂၀၂၄)ရက်နေမှ စတင်သင်ကြားမည်ဖြစ်၍ စာသင်ဝိုင်းများရှိသည့် ရပ်ကျေးအလိုက် ကြီးကြပ်ဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက်ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)