မြို့သစ် ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာအခြေခံကောင်းများရရှိစေရန်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဧပြီ ၁ ရက် ညနေပိုင်းက မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးက အင်္ဂလိပ်စာအခြေခံ Grammar ဆိုင်ရာ ဉာဏ်စမ်းမေး ခွန်းများကို ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် နည်းပြဆရာမတို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)