ကျွန်းလှ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျွန်းလှ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာစေရန်အတွက် ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်လဆန်း()ရက်နေ့မှစ၍ မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ သန္ဓေသားအနေအထား မှန်/မမှန် စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့အပြင် မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)