သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးသို့တက်ရောက်
Apr 03,2024
၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်လှုပ်ရှားမှုများ ရှိစေရေးလိုအပ်သော အသိပညာမြှင့်တင်ခြင်းဟောပြောပွဲပြုလုပ်
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ကျန်မာရေးဆရာမများမှ ပြည်သူများသိသင့်သိထိုက်သည့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင် လှုပ်ရှားမှုများရှိစေရေးလိုအပ်သော အသိပညာမြှင့်တင်ခြင်းဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော အဖွဲ့မှ ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ လူစည်ကားရာ နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အ.မ.က မူလွန် (၁၂) တွင် Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ (အခမဲ့) အားကစားသင်တန်းတစ်ခုဖြစ်သည့် Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ် (၁၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ဂွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်
Apr 03,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီ အခမဲ့သင်တန်းကို ယနေ့နေ့လယ် (၁၁) နာရီအချိန်က စတင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရွှေသောင်ယံမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၁၀)နာရီက အပူဒဏ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည်အသွေး ရလာဒ်များအား ထုတ်ပြန်ပေး
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလာဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။