ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်လှုပ်ရှားမှုများ ရှိစေရေးလိုအပ်သော အသိပညာမြှင့်တင်ခြင်းဟောပြောပွဲပြုလုပ်

ရွှေသောင်ယံ ဧပြီ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ကျန်မာရေးဆရာမများမှ ပြည်သူများသိသင့်သိထိုက်သည့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင် လှုပ်ရှားမှုများရှိစေရေးလိုအပ်သော အသိပညာမြှင့်တင်ခြင်းဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ထိုသို့ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက် လှုပ်ရှားမှုများရှိစေ ရန်အတွက်အသိပညာပေးဟောပြောရာ လူငယ်များနှင့်စိတ်ကြွမူးယစ်ဆေးများအန္တရာယ် အကြောင်းသိကောင်းစရာများ၊ သက်ရှည်ကျန်းမာဖို့စားသုံး ဆီကိုတတ်နိုင်သမျှလျှော့စားစို့၊ သတိပြုပါ အချိုမှုန့်အန္တရာယ်၊ သတိပြုကာကွယ်မြွေဆိုးအန္တရာယ်၊ ဆေးလိပ်ဖြတ်ရင် ဘာအကျိုးကျေး ဇူးတွေရမလဲ၊ နေ့စဉ်ဘဝတွင် ပုံမှန်စားသုံးသင့်သည့် ထမင်းတစ်ပန်းကန် စာနမူနာ၊ ဝက်သက်ရောဂါပပျောက်ရေး အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်၊ ပိုလီယိုကင်းစင် မြန်ပြည်တစ်ခွင်စသည့်ခေါင်းစဉ်များဖြင့် ပြည်သူများကျန်းမာရေးအသိ အမြင်များရရှိစေရန် အတွက် အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)