ငွေဆောင်မြို့တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ငွေဆောင် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော အဖွဲ့မှ ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ လူစည်ကားရာ နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးချမ်းမြေ့အောင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များမှ ငွေဆောင်မြို့၊ အမှတ်() ရပ်ကွက်၊ ..က(ငွေဆောင်) စာသင်ကျောင်းရှေ့နှင့် အမှတ်() ရပ်ကွက်၊ Sunny လမ်းဆုံတို့တွင် အများပြည်သူတို့အား ဝေငှပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင် ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ်ကျရောက်သည့်လူနာကို အရေးပေါ် ရှေးဦးပြုစုခြင်း အစရှိသည်တို့ ပြည့်ပြည့်စုံစုံပါရှိကြောင်း သိရသည်။

R – 014 (ငွေဆောင်)