ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည်အသွေး ရလာဒ်များအား ထုတ်ပြန်ပေး

ကသာ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလာဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်(၉)နှင့် ရပ်ကွက်(၅)တို့တွင် အပတ်စဉ် ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမှုရလာဒ်အပေါ် အကြံပြုချက်များမှာ စွန့်ပစ် အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမှ ရှောင်ကျဉ်ပြီး 3Rs (Reduce, Reuse, Recycle)စနစ်အား လိုက်နာကျင့်သုံးခြင်း၊ လမ်းဘေးဝဲယာ/အများပိုင်နေရာများ၊ ရုံးဝင်းအတွင်းအရိပ်ရလေကာ ပင်များစိုက်ပျိုးပြုစု ပျိုးထောင်းခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှနေအိမ်အတွင်းနေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာသွားလာရန်လိုအပ်ပါက တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းဖြစ်သည့် (နှာခေါင်းစည်း) များအား ဝတ်ဆင်၍ သွားလာကြရန်ထုတ်ပြန်ကြေညာထားကြောင်း၊ ကသာမြို့နယ် စေတီကုန်းနှင့် ကပ္ပလိပ်ရွာကြား၊ သဖန်းကိုင်းနှင့် ဘိုကုန်းရွာကြားတို့တွင် တိုင်းတာ ချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလာဒ်များမှာ PH, TDS, တန်ဖိုးများမှာ သတ်မှတ်စံချိန်စံညွှန်းအတွင်းရှိနေကြောင်း၊ DO တန်ဖိုးမှာ Guideline ထက်ကျော်လွန်နေကြောင်း၊ ရေတွင် Oxygen ပျော်ဝင်မှု ပမာဏကောင်းမွန်ကြောင်း၊ Turbidity နောက်ကျိမှုပမာဏနှုန်းမှာ သတ်မှတ်စံချိန်စံညွှန်းအတွင်း တည်ရှိနေပြီး Fresh Water ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ပတ်ဝန်းကျင်လေထုအ ရည်အသွေးနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေး တိုင်းတာရရှိသည့် ရလာဒ်များကို ပြည်သူအများ သိရှိနိုင်စေရန်ကားဂိတ်များ၊ ဈေးများ၊ ကြော်ငြာဆိုင်းဘုတ်များနှင့် မိမိတို့၏လူမှုမီဒီယာကွန်ရက်များတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း ကသာခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ကျော်စွာထွန်း(ကသာ)