ရွှေသောင်ယံမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွှေသောင်ယံ ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၁၀)နာရီက အပူဒဏ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

သို့ရာတွင် ရွှေသောင်ယံမြို အမှတ်(၁)ရပ်ကွက်၌စုရပ် (၂)နေရာ သတ်မှတ်၍ လည်းကောင်း၊ အမှတ်(၂) ရပ် ကွက်၌ စုရပ် (၂) နေရာ သပ်မှတ်၍လည်းကောင်း၊ အမှတ်(၃) ရပ်ကွက်၌ စုရပ်(၁)နေရာသတ်မှတ်၍ လည်းကောင်း လမ်းသွားလမ်းလာပြည်သူများ၊ ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။ ထို့ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ Hand Speaker ဖြင့်အသိပေးနှိုးဆော်ခြင်းများကို လည်းဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါ‌ အပူဒဏ်ကာကွယ်ရေးအသိ ပညာပေးနှိုးဆော်ချက်စာစောင်များတွင် သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အရေးပေါ်ရှေးဦးပြုစုခြင်း၊ ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရန် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ စသည်ဖြင့်  ပြည်သူများ အပူဒဏ်အန္တရာယ်အား သတိထားကာကွယ်နိုင်ရန်ဌာနဆိုင်ရာများ စုပေါင်း၍နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)