ခန္တီးမြို့နယ်၌(၃၂)ကြိမ်မြောက် လုံပိုင်ဧရိယာကျောင်းသားသမဂ္ဂ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၃၂)ကြိမ်မြောက် လုံပိုင်ဧရိယာကျောင်းသားသမဂ္ဂ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားခန်းကွင်း၌ ကျင်းပပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မြို့နယ်အားကစားကွင်းအတွင်းသို့ ဝင်ရောက်ရာ နာဂရိုးရာအကဖြင့် ကြိုဆိုခဲ့ကြပြီး ခယမ်ညူငန်နှစ်ခြင်းအသင်းတော်များအဖွဲ့ ဆရာမောင်ကန်းက အစပြုဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။