သတင်းများ

ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နံနက် (၈) နာရီက လူစည်ကားရာနေရာဖြစ်သည့် ပဲခူးမြို့မစျေးကြီး၌ စိုက်ထူခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း နေရပ်ဒေသအသီးသီးသို့ ခွင့်ပြန်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း၊ အဘိဓမ္မာသင်တန်း၊ အင်္ဂလိပ်သဒ္ဒါသင်တန်း၊ အခြေခံ ကွန်ပျူတာသင်တန်း၊ ရုံးလုပ်ငန်းနှင့် ခေါင်းဆောင်မှုပညာသင်တန်းအစရှိသည့် သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဧပြီလ(၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါ ကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ် အခြေခံပညာကျောင်းများ၌ အားကစားနည်း(၆)နည်းဖြင့် သင်တန်းဖွင့်လှစ်
Apr 03,2024
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၃)၊ အမှတ်(၁၃)၊ အမှတ်(၂၀)၊ ကျည်တောင်ကန်နှင့် YGW ကျောင်းများ၌ ဘော်လီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ခရစ်ကက်နှင့် Fitness Dance စသည့် အားကစားနည်း (၆) နည်းဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ သင်ကြားပေးလျက်sရှိကြောင်း သိရသည်။
ရွှေသဲကုန်းဓမ္မစကူးလ်၌ ကွန်ပျူတာအခြေခံပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Apr 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အရှင်ဣန္ဒ(ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်)ဦးဆောင်မှုဖြင့် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်ကျောင်း၌ ကွန်ပျူတာအခြေခံပညာသင်တန်းကို ဧပြီလ ၂ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ လူငယ်များစဥ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်သင်တန်းဖွင့်လှစ်
Apr 02,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စစ်တုရင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Apr 02,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 02,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ဆက်သွယ်၍ အကူအညီတောင်းခံနိုင်
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုများမဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နွေရာသီကာလ ကျေးရွာများ၌ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်လာပါကလည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည်။