သတင်းများ

မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)၌ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးရေးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာနယ် စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သောဝတ္ထု၊ ကဗျာ၊ ဆောင်းပါးရေးနည်း(အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁:၃၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် အ‌ခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ‌ခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဝက်ဆူကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေး
Apr 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃ ခုနှစ်အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ၆ လအတွက် ဝန်ထမ်းများမှစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့၌ မီးဘေးသင့်မိသားစုအား ဌာနဆိုင်ရာများ၏ ထောက်ပံ့လှူဒါန်းငွေပေးအပ်
Apr 04,2024
ချင်းပြည်နယ်တွန်းဇံမြို့တွင် မတ်လ(၂၉)ရက်နေ့က မီးဘေးသင့်ခဲ့သော ဦးဟောက်ရှင်းဆူမ်းမိသားစုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းကို ယာယီ‌ပြောင်းရွှေ့နေထိုင်သည့် ခေါ်လို/ဂိုးဇန်ရပ်ကွက်နေအိမ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ပေးအပ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Apr 04,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ ၃ ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်​မြို့ ကျောက်စိမ်းတွင်းသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။
မင်းလှမြို့၌ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 04,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။