ပုဗ္ဗသီရိ ဧပြီ ၃
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၃)၊ အမှတ်(၁၃)၊ အမှတ်(၂၀)၊ ကျည်တောင်ကန်နှင့် YGW ကျောင်းများ၌ ဘော်လီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ခရစ်ကက်နှင့် Fitness Dance စသည့် အားကစားနည်း (၆) နည်းဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ သင်ကြားပေးလျက်sရှိကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချစေရန်၊ ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာစေရန်၊ ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စေရန်၊ ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးလျက်ရှိရာ၊ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၅) ကျောင်းမှ သင်တန်းတက်ရောက်သူ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၄၀၀) ဦးအား နည်းပြ (၁၄) ဦးဖြင့် နံနက် ၇ နာရီခွဲ မှ ၈ နာရီခွဲထိ (၁၄)ရက်တာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)