ပဲခူး ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နံနက် (၈) နာရီက လူစည်ကားရာနေရာဖြစ်သည့် ပဲခူးမြို့မစျေးကြီး၌ စိုက်ထူခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ စိုက်ထူခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)