သတင်းများ

ပေါင်းတည်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပူးပေါင်းအဖွဲ့က ပြည်သူများအားဖြန့်ဝေ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သထုံခရိုင် လူထူအ‌ခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စောင်ပြသခြင်များ ဆောင်ရွက်
Apr 03,2024
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး ရှင်းလင်းသင်ကြား
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ကျေးလက်စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး Mobile Phone အသုံးပြုနည်းသင်တန်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်​ကြားခဲ့သည်။
သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေ အခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ရေလှူဒါန်း
Apr 03,2024
မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဧပြီလ (၁)ရက်နေ့နံနက်က စတင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဖွင့်လှစ်
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၅၈) ဦး တက်ရောက်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ်များအား Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးလျက်ရှိ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးလျက်ရှိသည်။
ပေါင်းတည်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဧပြီလ (၁) ရက် နေ့လယ်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ ဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိခြံရှင်များ စျေးကောင်းရရန်မျှော်လင့်
Apr 03,2024
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အစောဆုံးဒူးရင်းသီးများ ထွက်ရှိသည့် ကလိုင်းကနိုင်ကျေးရွာ၌ ယိုးဒယားဒူးရင်းသီးမျိုးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံရှင်များအနေဖြင့် ပေါ်ဦးပေါ်ဖျားစျေးကောင်းရရန် မျှော်လင့်နေ​ကြပြီး လူကြိုက်များသည့် ယိုးဒယားကိုင်းဆက်မျိုးဖြစ်၍ လူကြိုက်များပါဝယ်လိုအားလည်းများသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။