ကျောက်ဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကျောက်ဖြူ ဧပြီ   ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် မွေးကင်းစမှ အသက်()နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှ (၂)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးဌာနမှဝန်ထမ်းများက ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယိုအကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး (ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှူးရုံးတွင် ကာကွယ်ဆေးအား ဧပြီလ ၁ ရက်နေ့တွင် မွေးကင်းစမှ အသက်()နှစ်အောက်ကလေးငယ် ၁၂၈ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၈ ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး (၁-၄-၂၀၂၃) ရက်နေ့မှ (၃-၄-၂၀၂၃)ရက်နေ့ထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)