ထန်းတပင်(ရန်ကုန်) ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုများမဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နွေရာသီကာလ ကျေးရွာများ၌ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်လာပါကလည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ နွေရာသီရေရှားပါးခြင်းကြောင့်သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိသလို သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်လာပါကလည်း ကူညီနိုင်ရေးအတွက်လည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း-၀၉၂၅၀၄၅၉၅၉၁၊ ၀၉၇၈၉၃၃၁၄၈၇၊ ၀၉၄၂၀၁၃၃၂၅၈ နှင့် ၀၉၇၉၀၈၁၈၃၁၈ သို့ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်းလည်းသိရသည်။
ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ၊ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများ၊ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် အိမ်သွယ်ရေတိုင်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ကျေးရွာ ရေလိုအပ်ချက်ပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိသလို မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ နွေရာသီရေရှားပါးခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများမရှိစေရေးအတွက်လည်း ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပေါ်လာပါကလည်း ချက်ချင်းအကူအညီပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)