ဝေါမြို့နယ်၌ မိုးရာသီ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

ဝေါ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝေါမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မိုးရာသီ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျွဲတဲစုကျေးရွာ၊ မိုးယွန်းကြီး-ဇွဲဘတ်တာ တာမိုင်(၈/၆) မိုးယွန်းကြီး ရေပိုလွှဲအနီး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်အောင် က ရေဘေးကာကွယ်ရေးနှင့် သတိပြုရမည့်အချက်များကို တက်ရောက်လာသူများအား ရှင်းလင်း ဆွေးနွေးပေးသည်။ ယင်းနောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရေးဘေးကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများကို လက်တွေ့ပြသရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တာအကျိုးပြု ဧရိယာအတွင်းရှိ ကျေးရွာများမှ ပြည်သူများ တက်ရောက် ကြည့်ရှုကြသည်။

ထို့နောက် တက်ရောက်လာသူများသိရှိလိုသည်များကို ခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)