သတင်းများ

မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Aug 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နေ့လယ်ပိုင်းက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ကန်သာ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Aug 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အခြေခံပညာ အ.ထ.ကခွဲ(ကန်သာ)ကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မိုးစပါးလျာထားချက် စိုက်ပျိုးဧက (၄၁၅၁၀)ဧကရှိ၍ စိုက်ပျိုးပြီးစီတော့မည်
Aug 21,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးနေရာ အဓိကစိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သည့် မိုးစပါးအားစိုက်ပျိုးဧက(၄၁၅၁၀)ရှိ၍ လျာထားချက် ပြည့်မီစွာဖြင့် စိုက်ပျိုးပြီးစီးတော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စဉ့်ကိုင်မြို့နယ် ရသာ - နန်းနီ- အုန်းလက္ကောက်‌ ကျေးရွာချင်းဆက်လမ်း  အဆင့်မြှင့်တင်
Aug 21,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၆ ဒသမ ၄၄သန်းဖြင့်  ရသာ - နန်းနီ- အုန်းလက္ကောက်‌ ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းအား ယနေ့နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေပေးအပ်၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုနည်းသင်တန်း ဖွင့်လှစ် သင်ကြားနေမှုအား ကြည့်ရှုအားပေး
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေပေးအပ်ခြင်းနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏သားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက် သည်။ 
တာလေမြို့တွင်  စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ  ကျင်းပ
Aug 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ရွေးကောက်ပွဲအကြို လုပ်ငန်းညှိနှိုင်း
Aug 21,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်​တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
တာလေမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Aug 21,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်မှုကို ယမန်နေ့မွန်းလွဲပိုင်းက တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။