ကော့မှူး မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခရိုက္ခနိကျေးရွာ အရှေ့မြောင်းပေါ်တွင်တည်ဆောက်မည့် Check Gate နေရာအား ယမန်နေ့ညနေပိုင်းက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(အင်းစိန်) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက Check Gate ဆောင်ရွက်ခြင်းကြောင့် အထက်ပိုင်းမှာရှိတဲ့ တောင်သူတွေပဲ ရေအကုန်ယူမသွားရအောင်နှင့် မြောင်းအောက်ခြေမှာရှိတဲ့ (မြောင်းမြီးပိုင်း)က တောင်သူတွေဆီကို ရေလုံလောက်စွာရရှိမည်ဖြစ်တာကြောင့် တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ရေအရင်းအမြစ်နည်းပါတဲ့အချိန်နှင့် စပါးပင်တွေ ရေအလွန်အမင်းလိုအပ်တဲ့အချိန်မှာ မြောင်အတွင်း ရေကိုခေတ္တထိန်းသို လှောင်ထားနိုင်တဲ့အတွက် စပါးစိုက်တောင်သူများအနေဖြင့် ရေအလုံအလောက်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)