မိတ္ထီလာမြို့နယ်၌ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

မိတ္ထီလာ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကဖြူကျေးရွာအုပ်စု သပြေပင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်း တိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းတော်ဆက်စိုက်ပျိုးရေးခြံမှ ခြံတာဝန်ခံ ဦးစီးအရာရှိ ဒေါ်သန်းနွယ်ဌေးက ပြည်ပပို့ကုန် သီးနှံဖြစ်သော ဝါမျိုးများ စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းမြတ်ခိုင်က သီးနှံများ ပိုးမွှားကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းကို သပြေပင်ကျေးရွာမှ ဝါစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)