ညောင်လေးပင်မြို့နယ်၌ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ညောင်လေးပင် မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် Super Market များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းအမျိုးမျိူးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ တို့ကို မေလ ၁၃ ရက်နေ့ နံနက်(၁၀း၃၀)အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးရဲမင်းထွဋ်၊ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အချိုရည်အမျိုးမျိုး၊ မုန့်မျိုးမျိုး၊ မီးဖိုချောင်သုံးပစ္စည်းမျိုးမျိုးနှင့် သောက်ရေသန့်တို့အား သတ်မှတ်ထားသော (FDA) ထောက်ခံချက်ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)